ဇူလိုင် ၁၃

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်းဖြစ်ပွားသော ယာဉ်မတော်တဆမှုများကြောင့် ၇၅၆ ဦး သေဆုံးခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလက ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူ ၉၄၂ ဦးနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းလျော့နည်းကြောင်း အမျိုးသားရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှဇွန်လအတွင်း ယာဉ်မတော်တဆမှုများကြောင့်  ထိခိုက်ဒဏ်ရာရရှိသူ ၂၀၇၂ ဦးရှိရာ လွန်ခဲ့သောနှစ် အလားတူကာလက ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရရှိသူ ၂၂၃၅ ဦးနှင့်နှိုင်းယှဉ်ပါက ခုနစ်ရာခိုင်နှုန်းလျော့နည်းခဲ့သည်ဟု အမျိုးသားရဲတပ်ဖွဲ့က ၎င်း၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အဆိုပါယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူများအနက် ၈၁ ရာခိုင်နှုန်းသည် ဆိုင်ကယ် မတော်တဆမှုကြောင့် ဖြစ်ကြောင်းနှင့် ၎င်းတို့အနက် ၇၃ ရာခိုင်နှုန်းသည် ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်းမရှိသောကြောင့်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ်ပထမနှစ်ဝက်အတွင်း ယာဉ်မတော်တဆမှု ၁၅၄၈ မှုဖြစ်ပွားခဲ့ရာ လွန်ခဲ့သောနှစ်အလားတူကာလက ဖြစ်ပွားသောယာဉ်မတော်တဆမှု ၁၆၀၉ မှုနှင့်နှိုင်းယှဉ်ပါက လေးရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ၎င်းကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို