ဇွန် ၁၇

ကမ္ဘောဒီးယားတွင် ၂၀၂၄ ခုနှစ် ပထမငါးလအတွင်း လေကြောင်းခရီးသွားဦးရေ ၂ ဒသမ ၅ သန်းကျော်ရှိရာ ယမန်နှစ်ကထက်  လေကြောင်းခရီးသွားဦးရေ ၂၂ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ပို့ဆောင်ရေးဝန်ကြီး မာအိုဟာဗန်နာလ်က ယမန်နေ့က ပြောကြားသည်။

နိုင်ငံ၏အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခုတွင် နိုင်ငံတကာလေကြောင်းလိုင်းနှင့်ပြည်တွင်းလေကြောင်းလိုင်း ၃၁ လိုင်း ပြေးဆွဲလျက်ရှိသည်ဟု ၎င်းကပြောကြားသည်။ ကမ္ဘောဒီးယားနိုင်ငံသည် လတ်တလောတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ရှစ်နိုင်ငံအပြင် တရုတ်၊ တောင်ကိုရီးယား၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့နှင့် လေကြောင်းတိုက်ရိုက်ပျံသန်းမှုရှိကြောင်း ၎င်းကထပ်လောင်းပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ၏လေကြောင်းခရီးသွားလာမှုသည် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနောက်ပိုင်း ဖြည်းဖြည်းချင်းပြန်လည် ကောင်းမွန်လာကြောင်း ဖနောင်ပင်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ကျင်းပသော ဖနောင်ပင်-နယူးဒေလီ ပထမဆုံး တိုက်ရိုက်လေကြောင်းခရီးစဉ်ဖွင့်ပွဲအခမ်းအနားမိန့်ခွန်းပြောကြားရာတွင် ၎င်းကပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို