မေ ၂၃
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမသုံးလတာကာလအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၂၉ သန်း ရောက်ရှိခဲ့သည်။ လွန်ခဲ့သောနှစ် အလားတူကာလတွင် နိုင်ငံခြားခရီးသွား ၁၅၉၅၄၆ ဦးရောက်ရှိမှုနှင့်နှိုင်းယှဉ်လျှင် ၇၀၉ ရာခိုင်နှုန်းပိုမိုများပြားသည်ဟု ခရီးသွားလာရေးဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း ရောက်ရှိသောနိုင်ငံခြားခရီးသွားများအနက် ထိုင်းနိုင်ငံမှလာရောက်သူအများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံပြီးလျှင် ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုင်ငံအတွင်းရောက်ရှိသောခရီးသွားများတွင် ထိုင်းနိုင်ငံမှ ခရီးသွား ၄၂၄၂၄၁ ဦး၊ ဗီယက်နမ်နိုင်ငံမှ ၂၀၇၅၂၇ ဦးနှင့် တရုတ်နိုင်ငံမှ ၁၃၂၆၆၅ ဦး တို့ပါဝင်သည်။
ယခုနှစ်အစောပိုင်းက တရုတ်ခရီးသွားအုပ်စုများ ခရီးသွားလာခွင့်ပြန်လည်ခွင့်ပြုပြီးနောက် ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွား လေးသန်းကျော်ရောက်ရှိရန် မျှော်မှန်းထားကြောင်း ခရီးသွားလာရေးဝန်ကြီး သောင်ခွန်က ပြောကြားသည်။
ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏စီးပွားရေးလုပ်ငန်းကိုထောက်ပံ့ပေးထားသော ကဏ္ဍလေးခုအနက် တစ်ခုဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို