ဒီဇင်ဘာ ၅
ကမ္ဘောဒီးယားနိုင်ငံသို့ ယခုနှစ်ပထမ ၁၀ လအတွင်း လေကြောင်းခရီးဖြင့် ခရီးသွားငါးသန်းဝင်ရောက်ခဲ့ရာ ယခင်နှစ်ကထက် လေကြောင်းဖြင့်ခရီးသွားဝင်ရောက်မှုထက် ၂၁ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင်ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလမှအောက်တိုဘာလအတွင်း နိုင်ငံတကာလေဆိပ်သုံးခုသို့ ပြည်တွင်းနှင့်ပြည်ပလေကြောင်းလိုင်းပေါင်း ၅၀၀၀၀ နီးပါး ဝင်ထွက်မှုရှိရာ နှစ်စဉ် ၁၄ ရာခိုင်နှုန်းပိုမိုမြင့်တက်လာသည်ဟု သိရသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားသောဆီရမ်ရိအန်ကောနိုင်ငံတကာလေဆိပ်သည် နိုင်ငံတကာလေကြောင်းလိုင်းများကို ပိုမိုဆွဲဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြည်နယ်လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
ဆီရမ်ရိအန်ကောနိုင်ငံတကာလေဆိပ်သည် ယူနက်စကိုစာရင်းဝင် အန်ကောရှေးဟောင်းသုတေသန်ဉယျာဉ်ရှိရာ ဆီရမ်ရိပြည်နယ်သို့ တိုက်ရိုက်ပျံသန်းသည့် နိုင်ငံတကာလေကြောင်းလိုင်းအသစ်များကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကထပ်လောင်းပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို