အောက်တိုဘာ ၂၃

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း နိုင်ငံခြားခရီးသွား ၄ ဒဿမ ၈ သန်း ဝင်ရောက် ခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလက နိုင်ငံခြားခရီးသွား ၃ ဒသမ ၉၂ သန်း ဝင်ရောက်မှုထက် ၂၂ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထား သည်။

အဆိုပါ ခရီးသွားဝင်ရောက်မှုအရေအတွက်သည် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမဖြစ်ပွားမီကာလ ၂၀၁၉ ခုနှစ် ပထမကိုးလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု ၏ ၉၉ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိ လာသည်ဟု ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံမှ ခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံပြီးလျှင် ဗီယက်နမ်၊ တရုတ်၊ လာအိုနှင့် အမေရိကန်နိုင်ငံတို့ဖြစ်သည်ဟု သိရသည်။

ကမ္ဘောဒီးယားနိုင်ငံအနောက်မြောက်ပိုင်း ဆီရမ်ရိပြည်နယ်တွင်ရှိသော ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် အန်ကောဝပ်ဘုရားကျောင်းသည် ထင်ရှားကျော်ကြားသည်။ ၎င်းအပြင် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်နေရာသုံးခုဖြစ်သော Kampong Thom ပြည်နယ်အလယ်ပိုင်းရှိ Sambor Prei Kuk ဘုရားကျောင်းဇုန်၊ အနောက်မြောက်ပိုင်း Preah Vihear ပြည်နယ်ရှိ Preah Vihear နှင့် Koh Ker ဘုရားကျောင်းတို့ရှိကြောင်း ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၅ ဒဿမ ၄၅ သန်း ဝင်ရောက်မှုရှိပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၈ သန်း ဝင်ငွေရရှိခဲ့သည်ဟု ထိုဝန်ကြီးဌာနက ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို