ဇူလိုင် ၂၄
ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြားခရီးသွား ၃ ဒသမ ၁၆ သန်း ဝင်ရောက်မှုရှိရာ လွန်ခဲ့သောနှစ်အလားတူကာလက နိုင်ငံခြားခရီးသွား ၂ ဒသမ ၅၇ သန်း ဝင်ရောက်မှုရှိသဖြင့် နိုင်ငံခြားခရီးသွား၂၃ ရာခိုင်နှုန်းနီးပါး ပိုမိုဝင်ရောက်ခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီးဌာနက ယမန်နေ့ကသတင်းထုတ်ပြန်ခဲ့သည်။
ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြားခရီးသွားများအနက် ထိုင်းနိုင်ငံမှ ခရီးသွားဝင်ရောက်မှု အများဆုံးဖြစ်ပြီး ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံသို့ ထိုင်းခရီးသွား ၉၅၅၂၅၀ ဝင်ရောက်ခဲ့ရာ ၉ ဒသမ ၇ ရာခိုင်နှုန်းအထက်ရှိပြီး ဗီယက်နမ်နိုင်ငံမှခရီးသွား ၆၃၉၅၄၉ ဦးနှင့် တရုတ်နိုင်ငံမှ ခရီးသွား ၃၈၉၃၆၀ ဝင်ရောက်မှုရှိရာ ၃၈ ရာခိုင်နှုန်းနှင့် ၄၅ ဒသမ ၂ ရာခိုင်နှုန်းအထက် အသီးသီးရှိကြောင်း သိရသည်။
စီရမ်ရိပြည်နယ်အနောက်မြောက်ပိုင်းတွင်ရှိသော တရုတ်နိုင်ငံကရင်းနှီးမြုပ်နှံထားသည့် စီရမ်ရိအန်ကော အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ယူနက်စကိုစာရင်းဝင် အန်ကောဝပ်ရှေးဟောင်းသုတေသနဥယျာဉ်သို့ သွားရောက်သည့် နိုင်ငံခြားခရီးသွားများအတွက် အားထားရာဖြစ်လာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို