(၂-၁၀-၂၀၂၀ ရက်၊ ဖနောင်ပင်မြို့)

 

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး၊ ဖနောင်ပင်မြို့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) တို့ပူးပေါင်းပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကပ်ရောဂါကာလတွင်းအခြေအနေများကြောင့် ဆက်လက်နေထိုင်ရန် အခက်အခဲရှိသည့် မြန်မာနိုင်ငံသားများအား တတိယအကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်၊ ပျံသန်းအမှတ် 8M 402 ဖြင့် ၂-၁၀-၂၀၂၀ ရက်၊ မွန်းလွဲ ၁၃:၃၀ နာရီအချိန်တွင် ဖနောင်ပင်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ပါသည်။

 

အဆိုပါ MAI ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ပေါ်တွင် မြန်မာနိုင်ငံသား (၅၄) ဦးနှင့် အရေးပေါ်တာဝန်/ကိစ္စဖြင့် သွားရောက်မည့် နိုင်ငံခြားသား (၁) ဦး၊ စုစုပေါင်း (၅၅) ဦးတို့ လိုက်ပါသွားခဲ့ပြီး၊ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် သံရုံးဝန်ထမ်းများသည် ဖနောင်ပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

 

Crd> Ministry of Foreign Affairs Myanmar