ဖနောင်ပင် မတ် ၂၅
ကမ္ဘောဒီးယားတွင် လူပေါင်း ၅ ဒသမ ၁၃ သန်းခန့်သည် ၂၀၂၅ ခုနှစ်အကုန်တွင် တရားဝင်ငွေချေးသူများထံမှ စုစုပေါင်းချေးငွေ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၁၃ ဘီလီယံကို ရယူသုံးစွဲခဲ့ကြောင်း ကမ္ဘောဒီးယား ချေးငွေ မှတ်တမ်းဌာန(စီဘီစီ) ၏ မတ် ၂၅ ရက်တွင် ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာ၌ ဖော်ပြထားသည်။
စုစုပေါင်းကြွေးမြီပမာဏသည် ဒေါ်လာ ၅၉ ဘီလီယံမှ နောက်ထပ် ၅ ဒသမ ၃ ရာခိုင်နှုန်း တိုးလာသောကြောင့် ချေးငွေရယူ သုံးစွဲသူဦးရေသည်လည်း ၂၀၂၄ ခုနှစ်ကုန်တွင် ၅ ဒသမ ၀၄ သန်းမှ နောက်ထပ် ၁ ဒသမ ၇၈ ရာခိုင်နှုန်းသို့ တိုးလာကြောင်း ကိန်းဂဏန်းများအရ သိရသည်။
မြို့တော် ဖနောင်ပင်၊ ကန်ဒရယ်နှင့် ကွမ်စပီပြည်နယ်တို့တွင် ချေးငွေစုစုပေါင်းပမာဏ၏ ၆၁ ရာခိုင်နှုန်းရှိသည်။ ဖနောင်ပင်တွင် ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆၆ ဘီလီယံဖြင့် အများဆုံးဖြစ်ကာ နိုင်ငံလုံးဆိုင်ရာ ချေးငွေလက်ကျန်၏ ၅၁ ရာခိုင်နှုန်းနှင့် ညီမျှသော ငွေချေးသူ စုစုပေါင်း ၇၂၃၀၀၀ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရက် ၉၀ ကျော်လွန်သွားသည့် ချေးငွေအချိုးသည် ၂၀၂၅ နှစ်ကုန်တွင် ၆ ဒသမ ၄၆ ရာခိုင်နှုန်းရှိသည်ဟု အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။ အစီရင်ခံစာအရ အဆိုပါကိန်းဂဏန်းများသည် စီဘီစီ၏ အဖွဲ့ဝင်များဖြစ်သည့် ဘဏ်ပေါင်း ၁၉၆ ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းများထံမှ ရရှိသော သတင်းရင်းမြစ်များဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ


