ဖနောင်ပင် ဇူလိုင် ၂၆
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဆမ်ဒက်တက်ချိုဟွန်ဆန်သည်ဝန်ကြီးချုပ်အဖြစ် ၃၈ နှစ်ကြာတာဝန် ထမ်းဆောင်ပြီးနောက်အနားယူတော့မည်ဟု ဇူလိုင် ၂၆ ရက်တွင် ပြောသည်။ ၎င်း၏ အကြီးဆုံး သားဖြစ်သူ ဟွန်မာနက်သည် သုံးပတ်အတွင်း ဝန်ကြီးချုပ် ဖြစ်လာမည်ဟု ကမ္ဘောဒီးယား နိုင်ငံပိုင် ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
သြဂုတ်လအတွင်း အမျိုးသားညီလာခံကို ပထမဦးဆုံးအကြိမ်ပြုလုပ်မည်ဖြစ်ပြီး သြဂုတ် ၂ ရက်တွင် ငါးနှစ်သက်တမ်းရှိသည့်အစိုးရအသစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။ ကမ္ဘောဒီးယားပြည်သူ့ပါတီ (စီပီပီ) ၏ ဥက္ကဋ္ဌ ဖြစ်နေဆဲဖြစ်သည့်အတွက်နိုင်ငံရေးအာဏာမှာ ၎င်းထံတွင် ရှိသေးသည်ဟု ဟွန်ဆန်က ပြောသည်။
သို့သော်လည်း အစိုးရအသစ် ၏ဦးဆောင်မှုကိုကြားဝင်စွက်ဖက်မည်မဟုတ်ဟု ၎င်းက ဆက်ပြော သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် (၇)ကြိမ်မြောက်အထွေထွေ ရွေးကောက်ပွဲတွင် စီပီပီပါတီမှ အနိုင်ရပြီးနောက် ယခုလိုကြေညာချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ဆင်ဟွာ