ရန်ကုန် ၁၇ မေ
ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ရှာဖွေဖော် ထုတ်နိုင်ရေး အတွက် National Health Laboratory တွင် အရေးပေါ် လိုအပ်နေသော ၅၀ဝ kVA မီးစက်နှင့် ဆက်စပ် ပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသား ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ယနေ့ တွင် သွားရောက်လှူဒါန်းသည်။
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက တန်ဖိုး ကျပ်သိန်း ၁၂၅၀ ရှိသည့် အမေရိကန် နိုင်ငံ Caterpillar ကုမ္ပဏီ အမျိုးအစား ၅၀ဝ kVA မီးစက်ကြီး၊ Auto Transfer System (ATS) နှင့် Ground earthing equipment တို့ကို National Health Laboratory ၏ ဒုတိယညွှန်ကြားရေးမှုးချုပ် ပါမောက္ခ ဒေါက်တာ ဒေါ်ဌေးဌေးတင်ထံ ပေးအပ်လှုဒါန်းသည်။
လှူဒါန်းမှုနှင့် ပတ်သက်၍ National Health Laboratory ၏ ဒုတိယညွှန်ကြားရေးမှုးချုပ် ပါမောက္ခ ဒေါက်တာ ဒေါ်ဌေးဌေးတင်က “နေ့စဉ်အဖြေထုတ်နေရတဲ့ ဓါတ်ခွဲနမူနာများကို အနာဂတ်ကာလမှာ သုတေသန လုပ်နိုင်ရန်အတွက် ကာလရှည်သိမ်းဆည်းထားနိုင်ဖို့၊ မော်လီကျူးလာနည်းဖြင့် စမ်းသပ် စစ်ဆေးတဲ့အခါမှာ သုံးဖို့လိုအပ်တဲ့ ဓါတ်ခွဲဆေး ပစ္စည်းတွေကို သိုလှောင်မှု စတာတွေကို ဆောင်ရွက် နိုင်ဖို့ ကျွန်မတို့မှာ ( - ၈၀ ဒီဂရီ - ၃၀ ဒီဂရီ ) ရှိတဲ့ Deep Freezer ကြီးတွေထားရပါတယ်။ ဒီစက်တွေက စဉ်ဆက်မပြတ် လုံလောက် တဲ့ ဓါတ်အား ပမာဏရနေဖို့ လိုအပ်ပါတယ်။ ကမ္ဘောဇ ဘဏ်ရဲ့ လှူဒါန်းမှုဟာ COVID-19 ဆေးစစ်ချက်တွေ နေ့စဉ်ထုတ်ပေးရတဲ့ လုပ်ငန်းများအပြင် အခြားသော ရောဂါရှာဖွေ ဓါတ်ခွဲမှုများအတွက်လည်း များစွာ အကျိုးရှိမှာဖြစ်ပါတယ် “ ဟု ပြောကြားသည်။
ထို့အပြင် ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသနိုင်ရေးအတွက် မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါစတင် မဖြစ်ပွားမီကပင် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဝယ်ယူနိုင်ရန် ကျပ်သိန်း (၁၀ဝ၀) ကနဦး မ,တည်လှူဒါန်းခဲ့ခြင်း၊ ငွေကျပ် သိန်း (၁၄၀ဝ၀) ကျော် တန်ဖိုးရှိ ကာကွယ်ကုသရေး အထောက်အကူပြုပစ္စည်းများကို ကုန်းလမ်းသာမက MAI စင်းလုံးငှား လေ ယာဉ်များဖြင့် သယ်ယူလှူဒါန်းခြင်းနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ် ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများအတွက် ငွေကျပ်သိန်း(၃၀ဝ၀)တန်ဖိုးရှိ ရောဂါ ကာကွယ်ရေး ပစ္စည်း(၆)မျိုးကို နေရာအရောက် နေ့စဉ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။
ရောဂါထိန်းချုပ်ကုသနိုင်ရေးသာမက တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးရှိ အခြေခံပြည်သူများ အတွက် ငွေကျပ်သိန်း ၆၀ဝ၀ ကျော် တန်ဖိုးရှိဆန်အိတ်များ ဖြန့်ဝေလှူဒါန်းခြင်း၊ ရှမ်းပြည်နယ်အစိုး ရနှင့် ပူးပေါင်း၍ လှူဒါန်းငွေကျပ် သိန်း(၂၀ဝ၀) မ,တည်ကာ ရိက္ခာထုပ်ပေါင်း (၁၀ဝ,ဝ၀ဝ)ကို နိုင်ငံ တွင်း အရေးပေါ် လိုအပ်သော နေရာများကို ဖြန့်ဝေ လှူဒါန်းခြင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ် နှင့် ရခိုင်ပြည်နယ်တွင် Facility Quarantine ဝင်နေသော စောင့်ကြည့်လူနာများအနက်မှ အခက် အခဲရှိသူများ၏ နေ့စဉ်စားစရိတ်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရများအား ငွေကျပ်သိန်း (၃၀ဝ)စီဖြင့် စုစုပေါင်း ကျပ်သိန်း (၉ဝ၀) ကို လှူဒါန်းခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကမ္ဘောဇအာမခံကုမ္ပဏီများဖြစ်သည့် KBZ MS General Insurance နှင့် KBZ Life တို့မှလည်း သိန်း (၁၀ဝ၀) ကျော် တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ရန်ကုန် မြို့ရှိပြည်သူ့ဆေးရုံကြီးများသို့ လှူဒါန်းခဲ့ခြင်း၊ ကမ္ဘောဘဏ်နှင့် ပူးပေါင်း၍ သိန်း (၁၀ဝ၀) မတည် လှူဒါန်းခြင်း၊ ကာတွန်းဇာတ်ကောင်များဖြင့် COVID-19 ကာကွယ်၊ ကျန်းမာရေး အသိပညာပေး ဆောင်ရွက်မှုများ အပါအဝင် စုစုပေါင်း ငွေကျပ် သိန်း (၅၀ဝ၀) ကို ပါဝင်လှူဒါန်းထားသည်။
MAI နှင့် Air KBZ လေကြောင်းလိုင်းများမှလည်း ငွေကျပ်သိန်း ၁၅၀ဝ ကို အမျိုးသားအဆင့် ကော်မတီသို့ လှူဒါန်းခြင်း၊ အမေရိကန်ဒေါ်လာ သုံးသိန်းခန့် အကုန်အကျခံကာ မလေးရှားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံတို့မှ မြန်မာနိုင်ငံသား ၇၀ဝ ဦးကို ကယ်ဆယ်ရေးလေယာဉ်များဖြင့် အခမဲ့ ပြန်လည်ခေါ်ဆောင်ခြင်း၊ အရေးပေါ်လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို အရေးပေါ် သယ်ဆောင် ပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
COVID - 19 ရောဂါ ကာကွယ်ရေး၊ ကုသရေးနှင့် ထိန်းချူပ်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်သည် KBZ MS General Insurance၊ KBZ Life၊ Myanmar Airways International (MAI) နှင့် Air KBZ တို့နှင့်လက်တွဲ၍ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှစ၍ ယခုအချိန်အထိ ကျပ်သိန်းပေါင်း ၃၅၂၂၄ သိန်း လှူဒါန်းထားပြီး ဆက်လက်၍လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့်အချိန်၊ လိုအပ်သည့်နေရာများတွင် လိုအပ်သည်တို့ကို ပူးပေါင်းပါဝင် လှူဒါန်းသွားရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
(သတင်းစဉ်)


