နေပြည်တော် ဇူလိုင် ၂၄

 

ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် ၂၀၂၃ ခုနှစ် ဒီရေတောပင်များ စိုက်ပျိုးပွဲနှင့် ကမ်းခြေသန့်ရှင်းရေး လုပ်အားပေးပွဲကို သန်လျင်တပ်နယ်အတွင်းရှိ ကမ်းခြေစောင့်တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်၊ မြစ်ကမ်းနား တစ်လျှောက်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပရာ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် ကိုကိုကျော်၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ ပါဝင်ဆောင်ရွက်ကြသည်။

 

ဒီရေတောပင်များ စိုက်ပျိုးပွဲတွင် လမုပင်နှင့်ဓနိပင် စုစုပေါင်း အပင် ၇၀၀ စိုက်ပျိုးခဲ့ပြီး မြစ်ကမ်းနား တစ်လျှောကတွင် ကမ်းခြေသန့်ရှင်းရေးအတွက် အမှိုက်ကောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)