နေပြည်တော် ဩဂုတ် ၂၄

ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကိုယနေ့တွင် သန်လျင်တပ်နယ်အတွင်းရှိ ကမ်းခြေစောင့်တပ် ဖွဲ့ကွပ်ကဲမှုဌာနချုပ်၌ ကျင်းပရာ ကမ်းခြေစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ကိုကိုကျော်၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်၍ ပျိုးပင်များ စိုက်ပျိုးကြသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် အရိပ်ရလေကာပင်များဖြစ်သော မန်ဂျန်းရှား ၂၀၀ ၊ နှစ်ရှည်သီးပင်စားပင်များဖြစ်သော မကျည်းပင် ၃၀၀ နှင့် စိန်တစ်လုံး သရက်ပင် ၂၆၇ ပင်၊ စုစုပေါင်း ၇၆၇ ပင်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်