ကွမ်းခြံကုန်း  ၁၇  မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးကြီး၌ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် သားငါးဈေးတန်းများအတွင်း ကလိုရင်းဆေးရည် ပက်ဖျန်းခြင်း၊ COVID-19 ရောဂါ အသိပညာပေး စတစ်ကာများကပ်ခြင်းနှင့် ဈေးဆိုင်ခန်းများ သန့်ရှင်းစွာရောင်းချရေး အသိပညာပေးဆွေးနွေးခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဈေးကော်မတီဝင်များက အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

 

ကွမ်းခြံကုန်းမြို့နယ်အတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန် အသိပညာပေး လုပ်ငန်းများကို သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူက ပြောသည်။

 

ထွန်းထွန်းစိုး(ရွှေခြံမြေ)