ကွမ်းခြံကုန်း ၂၈ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ ဆောင်ရွက်မှုကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မရပ်ကွက်ရှိ (Proximity Finance) အသေးစားငွေစုငွေချေး ဝန်ဆောင်မှုလုပ်ငန်းသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက်ဦးဆောင်၍ တပ်ဖွဲ့ဝင်(၆)ဦး၊ မီးငြှိမ်းသတ်ယာဉ်တစ်စီးဖြင့် မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခဲ့သည်။ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်သူထိုက်က မီးလောင်ခြင်းအကြောင်းရင်းများ၊ မီးဖိုမီး၊ ဂတ်စ်မီးနှင့် လျှပ်စစ်ကြောင့်လောင်သောမီး၊ ပေါ့ဆမီးများ၏ အန္တရာယ်တို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မီးအတန်းအစားအလိုက် မီးငြှိမ်းသတ်နည်းအမျိုးမျိုးတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ထွန်းထွန်းစိုး(ရွှေခြံမြေ)


