ရန်ကုန် ဧပြီ ၉
ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုနိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID (Smat Card) ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ယမန်နေ့က ဒရယ်လူးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်စိုးနှင့် ဝန်ထမ်းများက ဒရယ်လူးကျေးရွာတွင် အသက်(၁၀)နှစ် အထက်နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးခြင်းနှင့် UID (Smart Card) မကောက်ရသေးသူများကိုလည်း ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)


