ကွမ်းခြံကုန်း ဇူလိုင် ၂၇

 

ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေခရုကာကွယ်နှိမ်နင်းရေး နည်းလမ်းများ ပညာပေးဆွေးနွေးပွဲကို ဇူလိုင် ၂၆ ရက်က တော်ကူးအရှေ့ကျေးရွာ ငြိမ်းချမ်းရိပ်မြုံဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနတိုင်းသီးနှံ ကာကွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးခိုင်က လယ်မြေများတွင်ကျရောက်သည့် ရွှေခရုကာကွယ်နှိမ်နင်းရေး နည်းပညာများ၊ ပိုးသတ်ဆေးဖျန်းနည်းစနစ်များ၊ ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေးဓာတ်ကြွင်းလျှော့ချရေး၊ လှေးပိုး၊ စပါးကုပ်ကျိုး ရောဂါများအကြောင်း ဟောပြောသည်။

 

အဆိုပါဟောပြောပွဲတွင် တော်ကူးအရှေ့ကျေးရွာ‌၊ တော်ကူးအနောက်ကျေးရွာနှင့် မှော်ဘီကျေးရွာတို့မှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။  

ဆွေနွယ်(ပြန်/ဆက်)