ကွမ်းခြံကုန်း   ၁၇   အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက်(Stay atHome) သတ်မှတ်ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းကွမ်း ခက်ခဲမှု မရှိစေရေးအတွက် (We Love Kungyangon)အဖွဲ့မှ ဆွမ်းဆန်စိမ်းနှင့် အခြေခံစားသောက်ကုန် ပစ္စည်းများအား ယမန်နေ့မနက်ပိုင်းကစ၍ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် မြို့ပေါ်စာသင်တိုက်နှင့် ဘုန်းတော်ကြီးကျောင်း (၂၆)ကျောင်း၊ သီလရှင်ကျောင်း တိုက်(၇)ကျောင်းစုစုပေါင်း(၃၃)ကျောင်းတို့အတွက် ဆွမ်းဆန်စိမ်း(၆)ပြည်အိတ်(၁၂၀)၊ ဆီ(၅၀)သားဘူး (၉၀)၊ ငါးသေတ္တာဘူး(၃၀ဝ)၊ ခေါက်ဆွဲခြောက်ဖာ(၃၀) ၊ကော်ဖီမစ်ထုပ်ပါကင်(၃၀)၊ လက်ဖက်ထုပ် အတွဲ(၆၀)၊ ကုလားပဲပိဿာ(၃၀)တို့အား မျှဝေလှူဒါန်းခဲ့ကြောင်း သိရသည်။

 

မြို့နယ်အတွင်းကိုဗစ်-၁၉ကပ်ရောဂါကြောင့် ဆရာတော်၊ သံဃာတော်၊ ရဟန်းသာမဏေနှင့် သာသနာ့ နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများ ဆွမ်းကွမ်းအခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ဘုန်းတော်ကြီး ကျောင်းနှင့် သီလရှင်ကျောင်းများအား ထက်ကမ္ဘာကျော် HKK Holding Company မှ မတည်လှူဒါန်းငွေ သိန်း(၅၀ဝ)နှင့် အနယ်နယ်အရပ်ရပ်မှ ပေးပို့လှူဒါန်းမှုများဖြင့် စေတနာရှင် အလှူရှင်များကိုယ်စား သွားရောက်လှူဒါန်းပေးခြင်းဖြစ်ကြောင်း (We Love Kungyangon) အဖွဲ့မှ သိရသည်။

 

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)