ကွမ်းခြံကုန်း ၂၂ မတ်

 

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၃၉၂ ဦးတို့အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတစ်ဆင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများက သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအလိုက် သက်ကြီးဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

 

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို (၃)လလျှင်တစ်ကြိမ် ပေးအပ်လျက်ရှိရာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လများအတွက် ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်သော သက်ကြီးဘိုးဘွား ၃၉၂ ဦးအတွက် တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ၃ လအတွက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်း စုစုပေါင်းငွေကျပ် ၁၁၇ သိန်း ၆ သောင်းကို သွားရောက်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

ထွန်းထွန်းစိုး(ရွှေခြံမြေ)