ရန်ကုန်    ဒီဇင်ဘာ    ၁၉

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင်  ရန်ကုန်တိုင်း ဒေသကြီး မြောက်ဒဂုံမြို့နယ် (၄၈)U-10    ရပ်ကွက်      ဆောင်ဆန်းသူရိယ လှသောင်းလမ်း အမှတ်(၉)ရှိ  Lab- our  Asia  Training Centre ကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ စစ်ဆေးစဉ်  သင်တန်း ကျောင်း   တည်ထောင်ထားရှိမှု၊ လုပ်ငန်းအထောက်အကူပြု အင်္ဂလိပ်စာသင်တန်းနှင့် ဂျပန်စကားပြောသင်တန်းပို့ချနေမှု၊  ဂဟေဆက်သင်တန်းများ  လက်တွေ့ စာတွေ့ပို့ချနေမှုများကို ကြည့်ရှုအားပေး၍ ဒုတိယဝန်ကြီးက သင်တန်းကျောင်း၏ ရှေ့လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ကျွမ်းကျင်မှုသင်တန်းများ  ပိုမိုဖွင့်လှစ်နိုင်ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်       ကင်းရှင်းရေး၊ လက်တွေ့နယ်ပယ်တွင် ထိရောက်စွာအသုံးချနိုင်ရန် အလေးထားသင်ကြားပေးရေး၊          ဟိုတယ်ဝန်ဆောင်မှု စီမံခန့်ခွဲရေးနှင့် နိုင်ငံတကာ အစားအစာချက်ပြုတ်ပြင်ဆင်မှုသင်တန်း များကို တိုးချဲ့သင်ကြားပေးရေး၊  အရည်အချင်းပြည့်မီသော သင်တန်းဆင်းများ ဖြစ်စေရန်    ကြီးကြပ်ဆောင်ရွက်ပေးရေး မှာကြားသည်။

 

ဆက်လက်၍    ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်   (မြောက်ပိုင်း)မြို့နယ်   (၄၆)  ရပ်ကွက် ပြည်ထောင်စုလမ်း  အမှတ် (၁၅၄၂) ရှိ Yun Nadi Oo Voca-tional Training Center သို့ သွား ရောက်ပြီး     အခြေခံမော်တော်ယာဉ် စက်ပြင်သင်တန်းနှင့် အဆင့်မြင့် မော်တော်ယာဉ် စက်ပြင် သင်တန်းများ  ဖွင့်လှစ် ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးကာ  သင်တန်းသားများကို တွေ့ဆုံအားပေး စကားပြောကြား၍ NSSA အသိအမှတ်ပြု သင်တန်းကျောင်းအဖြစ်  ဦးစီးဌာနမှ   အသိအမှတ် ပြုထားပြီးဖြစ်ရာ Assessment Center တည်ထောင်ရန်နှင့် ကျွမ်းကျင်သော မော်တော်ယာဉ် စက်ပြင် လုပ်သားများ ပိုမိုမွေးထုတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်