၂၄ မတ်

 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO Daewoo Corporation (Myanmar E&P) သည် Shwe Phase 2 Development Project အရ ကမ်းလွန်လုပ်ကွက်အမှတ် A-1 တွင် တွင်းတူးဖော်ရေးလုပ်ငန်းများအား Semi-submersible rig “OCEAN MONARCH” (Call Sign: V7IY3) ရေယာဉ်ဖြင့် Point A. မြောက်လတ္တီတွဒ် ၁၉  ဒီဂရီ ၅၁ မိနစ် ၁၄ ဒသမ ၈၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၀ မိနစ် ၂၀ ဒသမ ၄၇ စက္ကန့်၊ Point B. မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၅၅ မိနစ် ၂၁ ဒသမ ၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၃၃ မိနစ် ၀၆ ဒသမ ၄၀ စက္ကန့်၊ Point C. မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၀ မိနစ် ၁၃ ဒသမ ၉၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၂၈ မိနစ် ၄၀ ဒသမ ၄၃ စက္ကန့်၊ Point D. မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၃၄ မိနစ် ၃၈ ဒသမ ၈၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၂ ဒီဂရီ ၄၁ မိနစ် ၀၇ ဒသမ ၄၄ စက္ကန့်တို့တွင် (၆.၄.၂၀၂၀) ရက်နေ့မှ (၆.၁.၂၀၂၂) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

 

သို့ဖြစ်ပါ၍ (၆.၄.၂၀၂၀) ရက်နေ့မှ (၆.၁.၂၀၂၂) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာများမှ  ၄ ကီလိုမီတာပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားကြောင်း သိရသည်။

 

သတင်းစဉ်