နေပြည်တော်  ၁၃   စက်တင်ဘာ 


မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျှက်ရှိသော PTTEP International Limited သည် ကမ်းလွန် လုပ်ကွက်အမှတ် M-9 West တွင် Drilling Campaign (Call Sign : A8BM6) ဖြင့် Point(A) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၇ မိနစ် ၁၇ ဒသမ ၂၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၉ မိနစ် ဝ၀ ဒသမ ဝ၆ စက္ကန့်၊ Point(B) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၇ မိနစ် ၂၃ ဒသမ ၈၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ် ၂၀ ဒသမ ၂၁ စက္ကန့်၊ Point(C) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၉ မိနစ် ၄၁ ဒသမ ၂၈ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၆ မိနစ် ၂၁ ဒသမ ၇၁ စက္ကန့်၊ Point(D) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၉ မိနစ် ၄၁ ဒသမ ၆၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၉ မိနစ် ၄၇ ဒသမ ၉၀ စက္ကန့်၊ Point(E) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၀ မိနစ် ဝ၀ ဒသမ ဝ၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၉ မိနစ် ၅၀ ဒသမ ၅၀ စက္ကန့်၊ Point(F) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ဝ၀ မိနစ် ဝ၀ ဒသမ ဝ၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၉ မိနစ် ဝ၀ ဒသမ ဝ၀ စက္ကန့်၊ Point(A) မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၇ မိနစ် ၁၇ ဒသမ ၂၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၉ မိနစ် ဝ၀ ဒသမ ဝ၆ စက္ကန့်တွင် M-9 West (1st Operation) ကို (၁၅.၉.၂၀၁၉) ရက်နေ့မှ (၃၀.၁၂.၂၀၁၉) ရက်နေ့အထိ လည်းကောင်း၊ Pundarika-1 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ် ဝ၁ ဒသမ ၉၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၇ မိနစ် ၅၆ ဒသမ ၇၀ စက္ကန့်၊ Aungpyitan-1 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၂ မိနစ် ၅၅ ဒသမ ဝ၀၄ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ဝ၂ မိနစ် ဝ၄ ဒသမ ၅၅၂ စက္ကန့်၊ Uppala-1 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၀ မိနစ် ၁၄ ဒသမ ၆၀ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ဝ၆ မိနစ် ၂၀ ဒသမ ၅၂ စက္ကန့်တွင် M-9 West (2nd  Operation) ကို (၁၀.၃.၂၀၂၀) ရက်နေ့မှ (၃၀.၄.၂၀၂၀) ရက်နေ့အထိ လည်းကောင်း၊ ဆောင်ရွက်သွားမည် ဖြစ်သည်။


သို့ဖြစ်ပါ၍ အထက်ဖော်ပြပါရက်အတွင်း လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့် တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း  ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထား ပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။


(သတင်းစဉ်)