နေပြည်တော်၊  ၁၅  ဇန်နဝါရီ

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန်လုပ်ကွက်အမှတ် M-5 နှင့် M-6 တို့တွင်  တွင်းတူးဖော်ရေးလုပ်ငန်းများကို Jack-Up Drilling Rig, COSL BOSS (Call Sign: 9V5684) ဖြင့် WP2 Platform တွင် မြောက်လတ္တီတွဒ် ၁၅  ဒီဂရီ ၀၉ မိနစ် ၀၉ ဒသမ ၅၆၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆  မိနစ် ၅၁  ဒသမ ၇၂၈ စက္ကန့်၊ WP4 Platform တွင် မြောက်လတ္တီတွဒ် ၁၅ = ဒီဂရီ ၀၉ မိနစ် ၃၇ ဒသမ ၃၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၃ မိနစ် ၀၂ ဒသမ ၇၉၂ စက္ကန့်တို့တွင် (၁.၂.၂၀၂၁) ရက်နေ့မှ (၃၀.၆.၂၀၂၁) ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

 

သို့ဖြစ်ပါ၍ (၁.၂.၂၀၂၁) ရက်နေ့မှ (၃၀.၆.၂၀၂၁) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ  ရေမိုင် ၅ မိုင် ပတ်လည်အတွင်း  ရေကြောင်း သတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။

သတင်းစဉ်