နေပြည်တော်  ၂၁  ဇွန် 


မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျှက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန် လုပ်ကွက်အမှတ် M-5 တွင် Preparis Geophysical Site Survey Contour လုပ်ငန်းများကို MV.JAVA IMPERIA (Call Sign : POZE) ရေယာဉ်ဖြင့် NW-vertex မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ် ၃၄ ဒသမ ၄၄ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် ၁၃ ဒသမ ၉၉ စက္ကန့်၊ NE-vertex မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ် ၃၃ ဒသမ ၈၅ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၀ မိနစ် ဝ၁ ဒသမ ၃၆ စက္ကန့်၊ SE- vertex မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၃ မိနစ် ၅၁ ဒသမ ၁၂ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၀ မိနစ် ဝ၀ ဒသမ ၇၃ စက္ကန့်၊ SW- vertex မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၃ မိနစ် ၅၁ ဒသမ ၇၁ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၇ မိနစ် ၁၃ ဒသမ ၄၀ စက္ကန့် တွင် (၁၅.၅.၂၀၁၉) ရက်နေ့မှ (၃၀.၆.၂၀၁၉) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း (၁၀.၅.၂၀၁၉)ရက်နေ့တွင် ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာထားပြီး ဖြစ်သည်။


သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းစဉ်များ မပြီးပြတ်သေးပါသဖြင့် (၁.၇.၂၀၁၉) ရက်နေ့မှ (၃၁.၇.၂၀၁၉) ရက်နေ့အထိ ထပ်မံဆောင်ရွက်သွားမည် ဖြစ်သည်။ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ (၄)ကီလိုမီတာ ပတ်လည်အတွင်း  ရေကြောင်း သတိပေးချက် (Notice to Mariners) ထုတ်ပြန် ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။


(သတင်းစဉ်)