ကွမ်းလုံ၊   ၂၀   ဇန်နဝါရီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်၍ ကြူကော်ယွင်ကျေးရွာ၊ ညိုချန်ကျေးရွာ၊ မန်ဟွယ်ကျေးရွာ၊ ဟိုပုန်းကျေးရွာ ပေါင်း (၁)ယူနစ်ကို မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ နှစ်ပတ်လည် ဆန်းစစ်သုံးသပ် ဆွေးနွေးခြင်းနှင့် ရန်ပုံငွေများ ပြန်လည်ထုတ်ပေးခြင်း အစီအစဉ်ကို ဇန်နဝါရီ ၁၉  ရက် မွန်းလွဲပိုင်းက ကြူကော်ယွင်ကျေးရွာ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်မှု ကော်မတီမှ အသင်းသူ၊ အသင်းသားများအား ယခင်နှစ်များ၏ လုပ်ငန်းဆောင်ရွက်မှု အားနည်းချက် အားသာချက်များကို သုံးသပ်ဆွေး‌‌‌နွေးခဲ့ကြပြီး စီမံကိန်း စတုတ္ထနှစ် ပထမအကြိမ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၃၇၆၁၀ဝ၀ဝ ကို အသင်းသူ၊ အသင်းသား ၄၅ ဦး အား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြန်လည်ထုတ်ချေးပေးခဲ့သည်။

 

အဆိုပါ မြစိမ်းရောင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးနေမှုကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဝန်ထမ်းများက ကွင်းဆင်း၍ ကြီကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

စိုင်းဇော်ခမ်း(ကွမ်းလုံ)