ကွမ်းလုံ  ၁ အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်များစာရင်းကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကပ်ထားကြေညာထားကြောင်း သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်များစာရင်းကို အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး ကွမ်းလုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု (၃၁)ခုတွင် မဲရုံပေါင်း(၅၈)ရုံရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် ကပ်ထားကြေညာချက်အရ(၃၇၅၇၆)ဦး ရှိကြောင်း သိရသည်။

 

ကွမ်းလုံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ(၅)ခုရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် လွတ်တော်ကိုယ်စားလှယ် လောင်းများအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၀)ဦး၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၅)ဦး၊ ဗမာတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၈)ဦး၊ လားဟူတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၆)ဦး၊ ကချင်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၅)ဦးနှင့် လီဆူ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်(၇)ဦးရှိကြောင်း သိရသည်။

 

မိုင်းခိုင်ဇော်(ကွမ်းလုံ)