ကွမ်းလုံ ၂၃ ဇန်နဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဘိန်းအစားထိုးသီးနှံဖြစ်သည့် အထွက်တိုးမျိုးစပါး၊ အစေ့ထုတ်ပြောင်းမျိုးစေ့များ၊ နှစ်ရှည်ပျိုးပင်များနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျမှ အဖွင့်အမှာစကားပြောကြားပြီး ဘိန်းအစားထိုးသီးနှံများ ထောက်ပံ့ပေးမှု အခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဌေးလွင်က ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ဘိန်းအစားထိုးသီးနှံများနှင့် ဓာတ်မြေသြဇာများကို တာဝန်ရှိသူများက နမ့်ဟူးကျေးရွာ၊ ကောင်းကျဲကျေးရွာ၊ ပန်ဆန့်နမ့်ကျေးရွာနှင့် ရေလယ်ကျွန်းကျေးရွာမှ တောင်သူများထံ ပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးမှ ထောက်ပံ့ပေးခဲ့သော မျိုးစေ့များနှင့် ဓာတ်မြေသြဇာများကို အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြန်လည်ပြေားကြားခဲ့သည်။

ထို့နောက် ဒုတိယဦးစီးမှူး ဦးလှဆန်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ် (၁၄)ချက်အား ရှင်းလင်းပြောကြားပြီး တောင်သူများ၏ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ပြန်/ဆက်)