ကမမောင်း    အောက်တိုဘာ ၁၃

 

ကရင်​ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ရောဂါကွင်းဆက်ပြတ်တောက်နိုင်ရေးနှင့် မိဘပြည်သူ များအား ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မရှိစေရေး အသိပညာပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) တစ်ကြိမ်မျှမထိုးနှံရ သေးသည့် ပြည်သူများအား ဒုတိယအုပ်စုအနေဖြင့် ပထမအကြိမ် ထိုးနှံနိုင်စေရေး နှိုးဆော်ခြင်းများကို   ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

 ထိုသို့နှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုရောဂါ ကွင်းဆက်ပြတ်တောက် နိုင်ရေးအချက်များ၊ မဖြစ်မနေအရေးကြီးကိစ္စများ၊ သွားလာရာ၌ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျတပ်ဆင် သွားလာကြရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်၊ ကူးစက်ရောဂါပြန့်ပွားမှုအား အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်း များကို မိဘပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်နှင့်ဒုတိယအုပ်စုအဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm) ကိုထိုးနှံနိုင်ရေး အချိန်၊နေ့ရက်နှင့် ထိုးနှံပေးမည့် နေရာများအား ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပေး တိုက်တွန်းနှိုးဆော်ချက်များကို စကောကရင်၊ မြန်မာဘာသာတို့ဖြင့် ကြေညာပေးခဲ့ကြောင်း သိရှိရသည်။

 

လင်းသန့်(ပြန်/ဆက်)