ကမမောင်း ၂၁ ဖေဖော်ဝါရီ
ကရင်ပြည်နယ် ကမမောင်းမြို့ သံလွင်ဦးမြို့မဈေး၌ ယနေ့ နံနက် ၉ နာရီက မျိုးစေ့၊ ပိုးသတ်ဆေးများနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်များအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ရောင်းချနိုင်ရေး၊ အရောင်းလိုင်စင်သက်တမ်းများ မကုန်ဆုံးစေရန် သက်တမ်းတိုးမြှင့်နိုင်သွားစေရေး တို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာ အရောင်းဆိုင်ပိုင်ရှင်များအား ဖာပွန်ခရိုင် မျိုးစေ့တာဝန်ခံ၊ ပိုးမွားတာဝန်ခံ၊ မြေအသုံးချရေး တာဝန်ခံနှင့် မြို့စိုက်ပျိုးရေးဦးစီးမှူးတို့က စိုက်ပျိုးရေးကဏ္ဍနှင့် သက်ဆိုင်သည့် မျိုးစေ့များ၊ ပိုးသတ်ဆေးများ၊ ဓာတ်မြေဩဇာများကို စားသောက်ကုန်ပစ္စည်းများနှင့် နီးကပ်စွာမထားရှိရန်၊ နေပူထဲတွင် မထားရှိရန်၊ မှတ်ပုံတင်ထားသော ဆေးဝါးများ၊ သက်တမ်းလွန် ပိုးသတ်ဆေးများ ရောင်းဝယ်ခြင်းများ မရှိစေရေးအတွက် အသိပညာပေး စစ်ဆေးခဲ့ကြောင်း ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


