ပခုက္ကူ  ၁၅ ဇန်နဝါရီ 

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Myanmar American Medical Education Society တို့ပူးပေါင်း၍ ကမ္မမြို့၊ ကမ္မတိုက်နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီမှစ၍ အခမဲ့ ကွင်းဆင်းဆေးဝါကုသမှုများ ပြုလုပ်ကြသည်။

 

ews21

 

အခမဲ့ဆေးဝါးကုသပြုလုပ်ခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်စီမံမှုဖြင့် တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် အမေရိကန်နိုင်ငံရောက် မြန်မာဆရာဝန်များအဖွဲ့တို့ ပူးပေါင်းကာ ကမ္မမြို့ရှိ ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ကမ္မတိုက်နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၃)စုရှိ ပြည်သူ ၁၁၀၂ ဦးအား အခမဲ့ဆေးဝါးကုသပေးခြင်း၊ အခမဲ့ဆေးဝါးများ ပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ 

 

ews22

 

အဆိုပါ အခမဲ့ဆေးဝါးကုသမှုခံယူရန် လာရောက်ကြသော ပြည်သူများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးနှင့် ကမ္မမြို့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များမှ အာဟာရ ထမင်းဘူးများ လှူဒါန်းခြင်းနှင့် ကမ္မမြို့ ပါရမီသောက်ရေသန့်မှ ရေသန့်ဘူးများ အခမဲ့ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။ 

ကိုဇော်(ဓာတု)