ငပုတော စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့ ကမ်းနီအခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ယခုလ ၂၃ရက်နေ့တွင်"လူငယ်နှင့်မူးယစ်အန္တရာယ်"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပြည်သူ့စကားဝိုင်းတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဆရာဝန်၊ မြို့နယ်ပညာရေးမှူး၊မြို့နယ်ဥပဒေအရာရှိတို့က ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်ဆွေးနွေးနိုင်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)


