ဖျာပုံ    ၁  ဇူလိုင်          

 

ဖျာပုံခရိုင် ဖျာပုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းရာသီအတွက်  ရေလုပ်ငန်းရှင်များနှင့် အကြိုညှိနှိုင်းခြင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ပြုလုပ်သည်။

 

mdn

 

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ် ငါးလုပ်ငန်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူး၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် တို့က အမှာစကားပြောကြားကြပြီး  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ကိုဗစ်-၁၉ အလွန်ကာလတွင် ငါးမွေးမြူးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ငါးသားပေါက်များ ထောက်ပံ့ပေးမည့်အစီအစဉ်၊ ပင်လယ်ပြင် ဘေးအန္တရာယ်ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်မည့်အကြောင်း ပင်လယ်ရေ လုပ်ငန်းများအတွက် ချေးငွေထုတ်ချေးပေးမည့် အစီအစဉ်များနှင့် ပတ်သက်ပြီးရှင်းလင်း ဆွေးနွေးသည်။

 

ထို့နောက် ကမ်းနီးကမ်းဝေးလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေကြသည့် ကမ်းဝေးကမ်းနီးရေယာဉ်တွင် ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေး ကိရိယာများတပ်ဆင်ခြင်း ရေယာဉ်လိုင်စင်များပြုလုပ်ခြင်း၊ ရေလုပ်ငန်းရှင်များနှင့် ရေလုပ်သားများအကြား ပဋိပက္ခများနှင့်ပတ်သက်၍ တက်ရောက်လာသော ရေလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

 

(ခရိုင် ပြန်/ဆက်)