ပခုက္ကူ  ၉  အောက်တိုဘာ 

ပခုက္ကူမြို့နယ် သဖန်းပင်ကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး ရွှေ့ပြောင်းရမည့် အိမ်ထောင်စုများအား ပခုက္ကူမြို့  မျိုးသန့်  Mobile Phone  မိသားစုက ဆန်ရိက္ခာ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာ၌ ပြုလုပ်ခဲ့သည်။ 

ထိုသို့လှူဒါန်းရာတွင် မျိုးသန့် Mobile Phone မှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး အလှူရှင် ဒေါ်မြသန္တာဝင်း (မျိုးသန့်  Mobile Phone) နှင့် တာဝန်ရှိသူများက မိသားစုတစ်စုလျှင် ဆန် ၂ ပြည်၊ ကုလားပဲ ၄ ဘူး၊ ဆပ်ပြာ တစ်ခဲ၊ ကြက်ဥ ၅ လုံး၊ မုန့်တစ်ထုပ်တို့ကို လှူဒါန်းခဲ့သည်။

သဖန်းပင်ကျေးရွာတွင် အိမ်ခြေ ၉၅ အိမ်၊ အိမ်ထောင်စု ၁၀၈ စုရှိကြောင်း သိရသည်။

ကိုဇော်(ဓာတု)