ဟင်္သာတ ၁၃ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့်ကမ်းပြိုဘေးသင့်ဖြစ်ပွားနေသည့် ဖောင်ဆိပ်ကျေးရွာတွင် ယမန်နေ့ နေ့လည်ပိုင်းက ရေဘေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
"သဏ္ဍာန်တူ ဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ခြင်းအားဖြင့် ပြည်သူများအနေနဲ့ လက်တွေ့ကြုံတွေ့လာပါက မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိရှိနိုင်မည်ဖြစ်ပြီး လူ့အသက်အိုးအိမ် စည်းစိမ်ပျက်စီးဆုံးရှူံးမှုများ လျှော့နည်းစေရန်အတွက် ထိုသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက" သိရသည်။
အဆိုပါဦး ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင်မှုကို ဟင်္သာတခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဦးဆောင်မှုဖြင့် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီများ၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့ပြဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်မှု အစီအစဉ်မှ တာဝန်ရှိသူများနှင့် လူမှုရေး အဖွဲ့အစည်းများ ဖောင်ဆိပ်ကျေးရွာ၊ ငှက်ပျောတောကျေးရွာနှင့် တာငုတ်ကျေးရွာများမှ ကျေးရွာသူ၊ ကျေးရွာသား ၄၀ဝ ခန့်တို့က ရေဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။
ကျော်ကျော်(ပြန်/ဆက်)


