ပန်းတောင်း၊ ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဇွန် (၁၈) ရက် မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်၊ ကျွဲရဲကျေးရွာ ဘူးရိုးချောင်းကမ်းပြို ကာကွယ်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားကာ ကျွဲရဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ဆရာမများနှင့် ကျေးလက်ကျန်းမာရေး ဝန်ထမ်းများကို ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ဘွေကျေးရွာအုပ်စု၊ ဧရာဝတီမြစ်ကမ်းဘေး မြေနုကျွန်းပေါ်၌ မိုးနေကြာမျိုးစေ့ထုတ် သီးသန့်စိုက်ခင်း (၂၄) ဧကနှင့် မြောင်ရှည်ကျေးရွာ တောင်သူဦးစောမြင့်၏ မိုးနှမ်း (၉) ဧက အောင်မြင် ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊ တောင်နံဝင်းဆည် ရေပိုရေလျှံများ လေလွင့်ဆုံးရှုံးမှု မရှိရေးနှင့် ၂၀၂၂-၂၀၂၃ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး CL13(A1) ရေပေးမြောင်း အရှည်ပေ (၂၀၀၀) ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးနေမှုနှင့် သရက်ပင်၊ သံပုရာပင် ကိုင်းကူးကိုင်းဆက် ပြုလုပ်နည်းနှင့် အိမ်သုံးဆပ်ပြာရည် လက်တွေ့ သရုပ်ပြသပြုလုပ်နေမှုကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၊ ငါးခူအိုင်ကျေးရွာအုပ်စု၌ (၁) နှစ် (၃) သီး စိုက်ပျိုးနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ထားသည့် DrumSeeder နှင့် GW-11 အထွက် တိုးစပါးမျိုးအစေ့ချ စိုက်ပျိုးနေမှုကိုလည်းကောင်း၊ အင်ငါးခွ ကျေးရွာအုပ်စု တောင်သူ ဦးဇော်လွင်ဦး၏ ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၅) ဧက၊ တောင်သူ ဦးတင်ဇော်မျိုး၏ မိုးမြေပဲ (၇) ဧကနှင့်တောင်သူ ဦးဟန်အေး၏ မိုးနှမ်း (၇) ဧက အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်