ကရသူရိ ၃  မတ်

           

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကွမ်းသီးစိုက်ပျိုးလျှက်ရှိသည့် ခြံပိုင်ရှင်များသည် ယခုနှစ်တွင် ကွမ်းသီးဈေးနှုန်း သိသိသာသာ ကျဆင်းမှုကြောင့် စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရကြောင်း သိရသည်။

 

133152

           

လက်ရှိ ကွမ်းသီးဈေးနှုန်းမှာ ကွမ်းသီးအမှည့်တစ်လုံးလျှင် (၂၂) ကျပ်ခန့် သာရှိပြီး၊ အခြောက် တစ်ပိဿာလျှင် (၄၃၀ဝ) ကျပ်ခန့်သာရှိကြောင်း ယခင်နှစ်ထက် များစွာ   ကျဆင်းနေကြောင်းနှင့် ခြံပိုင်ရှင် တစ်ချို့မှာ ဈေးမရသဖြင့် စီးပွားရေးအရ အကျပ်အတည်းခံ၍   သိုလှောင်ထားလျက် ရှိကြောင်း သိရသည်။

 

၂၀၁၉ Novel Corona Virus  ကူးစက်ရောဂါကြောင့် ပြည်တွင်း/ပြည်ပမှ ပို့ကုန်/သွင်းကုန်များ ကို ကာကွယ်ထားခြင်းဖြစ်၍ ယခုလိုဈေးနှုန်း ကျဆင်းလာခြင်းဖြစ်နိုင်သည်ဟု  ကွမ်းသီးခြံပိုင်ရှင် တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 

စိုးဝင်း(ပြန်/ဆက်)

 

1329