ကန် အာကာသကွပ်ကဲရေးဌာန ဖွဲ့စည်းမည့်အမိန့် ဒေါ်နယ်လ်ထရန့် လက်မှတ်ထိုး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက  အာကာသအတွင်း စစ်ဆင်ရေးများ ထိန်းချုပ်ရန်အတွက် အဖွဲ့အစည်းသစ်တစ်ခုကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ ညွှန်ကြားမှုအရ အမေရိကန် အာကာသကွပ်ကဲရေးဌာနဖွဲ့စည်းမှုကို ဒုတိယသမ္မတ မိုက်ခ်ပန့်က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

ကွပ်ကဲရေးဌာနက ခေတ်သစ်ကာလတွင် အမေရိကန် ပြည်ထောင်စုကို ကာကွယ်ရန် တပ်ဖွဲ့များအားလုံး၏ အာကာသစွမ်းပကားများကို ပေါင်းစည်းမည်ဖြစ်ကြောင်း မိုက်ခ်ပန့်က ပြောကြားသည်။

ရုရှားနှင့် တရုတ်၏ ကြီးထွားလာသော ယှဉ်ပြိုင်မှုကို ယှဉ်ပြိုင်ရန်အတွက် ၂၀၂၀တွင် တပ်ဖွဲ့သစ်ထူထောင်ရန် ဒေါ်နယ်ထရမ့်အစိုးရက စီစဉ်လျက်ရှိသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်