ကန့်ဘလူ ၇ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ် ဈေးရောင်းပွဲ ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။

 

mdn

 

ကလေးစာပေပွဲတော်ကို အဆိုပါကျောင်း၌ ဇန်နဝါရီလ (၉ ရက် ၁၀ ရက်) တို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ပွဲတော်တွင် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စာပေဆွေးနွေးပွဲ၊ အားကစားပြိုင်ပွဲများ၊ မြန်မာ့ယွန်း လုပ်ငန်း(ညောင်ဦး)ပြခန်း၊ မြန်မာ့လက်မှုပြခန်းအပါအဝင် ဌာနဆိုင်ရာ ပြခန်းများ၊ စုစုပေါင်း ပြခန်း (၁၆) ခန်း၊ စာအုပ်အရောင်းဆိုင် (၃၀) ဆိုင်နှင့် မြန်မာ့အိုးစည်အက၊ မြန်မာ့ရုပ်သေးအကနှင့် ဖျော်ဖြေရေးများ၊ ပျော်ပွဲရွှင်ပွဲများပါရှိပြီး ဖွင့်ပွဲကို ကန့်ဘလူခရိုင်အတွင်းရှိ ဘင်ခရာအဖွဲ့ (၇) ဖွဲ့တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးမှူး ဒေါ်ခင်မိုးခက်၏ ပြောကြားချက်အရ သိရသည်။

 

mdn

 

အဆိုပါ အစမ်းလေ့ကျင့်ရာသို့ ကန့်ဘလူခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူး ဦးတင်ထူးမောင်၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ဇီးကုန်းမြို့ မြို့မိ၊မြိုဖများ၊ ပြည်သူများ ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

mdn

 

စိုးဝေအောင်(ခင်ဦး)