ကန့်ဘလူ ၅ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အထက (၂) ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် Quarantine ဝင်နေသူ စုစုပေါင်း ၂၆ ဦးရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်တွင်းပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသူများအား အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ ၇ နေရာ ရှိသည့်အနက် ကန့်ဘလူမြို့ အထက (၂) တွင် Quarantine ဝင်နေသူ စုစုပေါင်း ၂၆ ဦးရှိသည်။
အဆိုပါ အထက (၂) ၌ Quarantine ဝင်နေသူ ၂၆ ဦးတွင် အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၈ ဦးရှိပြီး တရုတ်ပြည်မှ ပြန်လာသူသုံးဦးနှင့် အခြားသူများမှာ မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား၊ ဖားကန့်၊ ကလေး စသည်မြို့များမှ ပြန်လာသူများဖြစ်ပြီး Quarantine ဝင်သူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ ရေ၊ မီးနှင့် အစားအစာများကို တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


