ကန့်ဘလူ  ၇  အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ ခုတင် ၁၀ဝ ပြည်သူ့ဆေးရုံအတွက် မွေးကင်းစကလေး အသက်ရှုအကူစက်(CPAP Machine)ဝယ်ယူရန် မြို့မိမြို့ဖအဖွဲ့(ကန့်ဘလူ)နှင့်အလှူရှင်များ စုပေါင်းလှူဒါန်းသော အလှူငွေပေးအပ်လှူဒါန်းပွဲကို ဆေးရုံအုပ်ကြီးရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပသည်။

အဆိုပါ လှူဒါန်းငွေပေးအပ်ပွဲတွင် မြို့မိမြို့ဖအဖွဲ့ဝင် ဦးခိုင်ထွန်းက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့မိမြို့ဖအဖွဲ့ဥက္ကဌ ဦးဉာဏ်မင်းထွန်းနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဒါန်းငွေကျပ် ၂၃ သိန်းကို ပေးအပ်ရာ ခုတင် ၁၀ဝ ဆေးရုံအုပ် ဒေါက်တာ နေမိုးနှင့် ဆရာမများက လက်ခံရယူပြီး ဂုဏ်ပြုလွှာမှတ်တမ်းကို ပြန်လည်ပေးအပ်သည်။

ယင်းနောက် ဆေးရုံအုပ် ဒေါက်တာ နေမိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)