ကန့်ဘလူ နိုဝင်ဘာ ၂၉

                   

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနှင့် အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ လက်မှုပညာ (အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို /ရှည်ညှပ်နည်း) သင်တန်းကို နိုဝင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီက ကိုဗစ်- ၁၉ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

                      

အဆိုပါသင်တန်းတွင် အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို /ရှည် ညှပ်နည်းများကို နိုဝင်ဘာ ၂၉  ရက် နှင့် ၃၀ ရက် နှစ်ရက်တာကာလ၌ အမျိုးသမီးအသင်း(Women Club)မှ နည်းပြဆရာမ ဒေါ်သန်းသန်းမြင့်က စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား ၁၃ ဦးတက်ရောက်လျက်ရှိကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)