ကန့်ဘလူ ဇူလိုင် ၁၄

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ယနေ့ နံနက် ၇ နာရီက အခြေခံ စားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေးပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ရောင်းချပေးရာတွင် တာဝန်ရှိသူများက လာရောက်ဝယ်ယူသူ ပြည်သူများအား ဆန် တစ်ပြည်၊ ဆီ ၅ ကျပ်သားနှင့် ကြက်ဥ နှစ်လုံး စသည့်ပစ္စည်း သုံးမျိုးတို့အား ကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

 

ထို့ပြင် အဆိုပါခန်းမ၌ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသူ ပြည်သူများအား သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးချို ဆီးချို စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသခြင်းများကို အခမဲ့ ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)