ကန့်ဘလူ၊ ၃၁ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ခွေးရူးရောဂါကင်းစင်ရေး ရည်ရွယ်ချက်ဖြင့် ကန့်ဘလူမြို့ပေါ် ရပ်ကွက်များရှိ အိမ်မွေးခွေးများအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ဒီဇင်ဘာ ၃၁ ရက် နံနက် ၉ နာရီက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အိမ်မွေးခွေးများကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်နိုင်နှင့် ဒုတိယဦးစီးမှူးများက ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စုစုပေါင်း ခွေးအကောင်ရေ ၁၀၀ ကို အခမဲ့ထိုးနှံပေးခဲ့ကြောင်းနှင့် ခွေးရူးရောဂါကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


