ကန့်ဘလူ ၃၀ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၂)ရပ်ကွက်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်မှထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်ပိုင်းက ပြည်သူများထံလက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

 

ကိုဗစ်ကာလ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်  ဆယ်အိမ်မှူးများအလိုက် ပေးအပ်ခြင်းဖြစ်ပြီး အမှတ်(၂) ရပ်ကွက်တွင် အိမ်ထောင်စု ၁၇၆၅ စုကို အိမ်ထောင်စုတစ်စုလျှင်  ကျပ် ၂၀၀၀၀ နှုန်းဖြင့် လက်ဝယ်အရောက် ပေးအပ်ခြင်းဖြစ်ကြောင်း အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်က ပြောသည်။

 

အလားတူ ကန့်ဘလူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကေျးရွာအုပ်စု ၉၇ အုပ်စုတို့မှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း  ၆၆၄၄၉ တို့အတွက် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများအလိုက် တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)