ကန့်ဘလူ ၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော မလယ်ကျေးရွာ တွင် မိုးရာသီရေများချိန်၌ ရေစီးဆင်းနှုန်းများခြင်းတို့ကြောင့် မြစ်ကမ်းအိကျခြင်း၊ မြစ်ကမ်း ပြိုကျခြင်းများကြောင့် ကမ်းပြိုကာကွယ်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းတစ်လျောက်ကမ်း ပြိုကာကွယ်ရေးလုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၉၆ ဒသမ ၃၀ဝ သန်း ဖြင့် အနှိုင်းမဲ့ ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်လျက်ရှိကြောင်း မလယ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထွန်းထံမှ သိရသည်။
ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများကို နေရာလေးနေရာတွင် ကျောက်စီမြေထိန်းနံရံနှင့်တမံ ၆၀ ပေ၊ ၂၁၀ ပေ၊ ၁၁၀ ပေနှင့် ၆၅၀ ပေရှိ တည်ဆောက်ရေးလုပ်ငန်းများအား ယခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး မေလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


