ကန့်ဘလူ ၁၅ ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် နတ်ပေးကျေးရွာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အရေးကြီးကာလဖြစ်သည့် မဟာသကြ်န်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားများအား ဆန်၊ဆီ၊ဆား၊ပဲနှင့်ကြက်သွန်နီ စားသောက်ကုန်ပစ္စည်း (၅)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်ဒုတိယနေ့) နံနက် ၉ နာရီက နတ်ပေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

 

7125

 

ထိုသို့ စားသောက်ကုန်ပစ္စည်းများ ဖြန့်ဝေပေးအပ်ရာတွင် ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ကျေးရွာရပ်မိရပ်ဖများ၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင် များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ဆီ (၅၀)ကျပ်သား၊ဆား (၅၀)ကျပ်သား၊ ပဲ(၁)ပိဿာနှင့် ကြက်သွန်နီ(၁)ပိဿာ(အိမ်ထောင်စု သုံးစုပေါင်း ၂၄ ပြည်ဝင် ဆန်တစ် အိတ်) တို့ကို ပေးအပ်လျက်ရှိသည်။

          

နတ်ပေးကျေးရွာအုပ်စု နတ်ပေးကျေးရွာတွင် အိမ်ထောင်စု ၂၅၇ စု၊လူဦးရေ ၁၄၃၄ ဦးကို ယနေ့အပြီး ပေးအပ်မည်ဖြစ်ပြီး ငါတို့ကျေးရွာမှ အိမ်ထောင်စု ၂၂၀ စု၊ လူဦးရေ ၁၀၃၆ ဦး၊ နတ်အင်းကျေးရွာမှ အိမ်ထောင်စု ၁၀၄ စု၊လူဦးရေ ၄၁၇ ဦး ဧပြီ ၁၆ ရက်နေ့တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း နတ်ပေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစံအောင်ထံမှ သိရသည်။

 

7132

          

အလားတူ ကန့်ဘလူမြို့နယ်တွင် ဧပြီ ၁၅ ရက်ကကမ်းဖြူကျေးရွာအုပ်စု ကမ်းဖြူကျေးရွာမှ အိမ်ထောင်စု ၆၆ စု၊ လူဦးရေ ၃၂၀ ဦး၊ ကင်းကျေးရွာမှ အိမ်ထောင်စု ၅၉ စု၊လူ ဦးရေ ၂၈၇ ဦး၊ စိန်နား ကျေးရွာ မှ အိမ်ထောင်စု ၈၂ စု၊လူဦးရေ ၃၅၃ ဦး၊စံပါယ်နံသာကျေးရွာအုပ်စု စံပါယ်နံသာကျေးရွာမှ အိမ်ထောင်စု ၃၂၈ စု၊လူဦးရေ ၁၂၄၃ ဦး၊တောက္ကရှပ်ကျေးရွာအုပ်စု တောက္ကရှပ်ကျေးရွာမှ အိမ်ထောင်စု ၁၇၁ စု၊ လူဦးရေ ၅၉၇ ဦး၊ မြေထူးကျေးရွာအုပ်စု မြေထူးကျေးရွာမှ အိမ်ထောင်စု ၅၀၆ စု၊လူဦးရေ ၂၆၇၉ ဦး၊ဘုတ္တောကျေးရွာအုပ်စု ဘုတ္တောကျေးရွာမှ အိမ်ထောင်စု ၄၆၀ စု၊လူဦးရေ ၂၁၂၆ ဦးတို့အား ဆန်၊ဆီ၊ဆား၊ပဲနှင့် ကြက်သွန်နီစားကုန်များ ထောက်ပံပေးအပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)   

 

7134