ပထမဦးဆုံးကတော့ ဒီကန့်ဘလူဒေသ ပဇီကြီးကျေးရွာနဲ့ ပတ်သက်ပြီးတော့ နောက်ခံအခြေ အနေကို သိထားဖို့လိုပါတယ်။ ဒီနှစ်မတ်လပိုင်းက ပဇီကြီးကျေးရွာ ဥက္ကဋ္ဌကို PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက စွပ်စွဲပြီးတော့ သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့တယ်။ ပြီးရင်ပဇီကြီးကျေးရွာမှာ တစ်ရွာလုံးကို ခြိမ်းခြောက်ပြီး PDF အဖြစ် ခိုင်းတဲ့ဟာတွေရှိတယ်။ နောက်ကွယ်မှာရှိနေတဲ့ အဖွဲ့တွေကိုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီနောက် ပိုင်မှာတော့ NUG / CRPH အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ လှုံ့ဆော်နေတာတွေလည်း တွေ့ရလိမ့်မယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ တချို့သော ကျေးရွာတွေမှာ ခုနကပြောတဲ့ သူတို့အကြမ်း ဖက်ကိုပဲ အမည်ခံထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လို ဟာမျိုးတွေ ပြီးရင်တော့ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ရုံးတွေဖွင့်ဖို့ လှုံ့ဆော်နေတာတွေရှိပါတယ်။ တပ်မတော်အနေနဲ့ကတော့ ဒီဒေသမှာ တည်ငြိမ်အေးချမ်းရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်နေတာ ရှိပါတယ်။ အခုဆိုရင်လည်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ဘုန်းကြီးတွေ၊ ရဟန်းတွေ၊ ကျောင်းဆရာ၊ ဆရာမတွေပြီးရင် အပြစ်မဲ့ပြည်သူလူထုကို စွပ်စွဲသတ်ဖြတ်တာ အများဆုံးဒေသဖြစ်ပါတယ်။ ပြီးရင်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာပဲ သူတို့ကို မထောက်ခံတဲ့သူတွေ၊ သူတို့ကိုမထောက်ခံ တဲ့ရွာတွေကို မီးရှို့ဖျက်ဆီးတာလည်း အများဆုံး ဖြစ်ပါတယ်။

ဒီမနက်ဖြစ်စဉ်မှာတော့ မနက် ၈ နာရီလောက် မှာ အဲဒီပဇီကြီးကျေးရွာမှာ NUG/CRPH အမည်ခံ အဖွဲ့ သူတို့ပြောနေတဲ့ ရုံးခန်းဖွင့်ပွဲဆိုတဲ့ဟာ လုပ်ပါတယ်။ ပြီးရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ၊ PDF အမည်ခံအဖွဲ့တွေရဲ့ ရုံးဖွင့်ပွဲဆိုတဲ့ဟာ လုပ်ပါတယ်။ ရုံးဖွင့်ပွဲဆိုတဲ့ဟာကိုလုပ်တဲ့ ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး တိုက်ခိုက်မှုရှိပါတယ်။ တိုက်ခိုက်မှုရှိတဲ့အခါမှာတော့ ကျွန်တော်တို့ ဒီအခမ်းအနားမှာရှိနေတဲ့ PDF အမည်ခံအဖွဲ့တွေ သေဆုံးတယ်ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်။ ဒါပြောရမယ်ဆိုရင်တော့ နိုင်ငံတော်အစိုးရ၊ ပြည်သူလူထုကိုဆန့်ကျင် လုပ်ဆောင်နေတဲ့  အဖွဲ့တွေပဲ  ဖြစ်ပါတယ်။ ကျွန်တော်တို့အရင်တုန်းကအတိုင်း ပြောခဲ့ဖူးသလို ပုံတွေတက်လာတာလည်း တွေ့ရမှာဖြစ်ပါတယ်။ အဖွဲ့တွေ တော်တော်များများသည် ယူနီဖောင်းတွေနဲ့  ပုံတွေလည်းဖြစ်ပါတယ်၊ တချို့လည်း အရပ်ဝတ်နဲ့ ပုံပါချင်ပါမှာပေါ့၊ ဒါတွေကတော့ သူတို့ အနေနဲ့ကတော့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ တွေအနေနဲ့ အရပ်ဝတ်နဲ့ သေဆုံးသွားတယ်ဆိုရင် အရပ်သား  သေဆုံးတယ်လို့ပြောတယ်။ သူတို့ အောင်ပွဲရရင်တော့ PDF ပါဆိုပြီး ပြောတဲ့ဟာတွေ ရှိပါတယ်။ ဒီလိုစွပ်စွဲချက်တွေကတော့ ထွက်ပေါ် နေမှာပဲဖြစ်ပါတယ်။ ပြီးရင်ကျွန်တော်တို့ မြေပြင်သတင်းမှာလည်း ရရှိတဲ့ သတင်းအရ  ဒါသည် ကျွန်တော်တို့ရဲ့ တိုက်ခိုက်မှု တစ်ခုတည်းကြောင့် ဖြစ်သွားတာမဟုတ်ပါဘူး။ မြေပြင်မှာတော့ အဲဒီ အဖွဲ့တွေအနေနဲ့ အဲဒီနေရာလေးတစ်ဝိုက်မှာ သူတို့ PDF အဖွဲ့ကနေ အသုံးပြုနေတဲ့ မိုင်းတွေထောင်ထား တာတွေရှိတယ်။ ပြီးရင် ကျွန်တော်တို့ PDF အဖွဲ့ အသုံးပြုနေတဲ့ ယမ်းတွေ မိုင်းတွေကို သိုလှောင်ထားတဲ့ ခဲယမ်းထားရှိတဲ့ နေရာရှိတယ်။ အဲ့နေရာ တည့်တည့်ကို ကျွန်တော်တို့ လက်နက်ထိမှန်တဲ့ အတွက်ကြောင့်မို့လို့ ပေါက်ကွဲပြီးတော့ သေဆုံး သွားတယ်ဆိုတာကိုလည်း ကျွန်တော်တို့ သတင်းအတိအကျ ရရှိထားပြီးဖြစ်ပါတယ်။ ဒီ PDF အမည်ခံအဖွဲ့တွေဟာ မြေပြင်လုပ်ဆောင်နေတာတွေဟာ တကယ့်စစ်ရာဇဝတ်မှုကို  ကျူးလွန် နေတာဖြစ်တယ်။ မြေပြင်မှာ လုပ်ဆောင်နေတာတွေဟာ တကယ့်ရက်စက်ကြမ်းကြုပ်တဲ့ လုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်တယ်။ သူတို့ရဲ့ လုပ်ဆောင်နေတဲ့ဟာတွေသည် သူတို့ကိုမထောက်ခံတဲ့ရွာ၊  မထောက်ခံတဲ့  ရွာတောင်မဟုတ်ဘူး ကြားနေတဲ့ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်။ ဒါ့အပြင် သူတို့အနေနဲ့ ကျွန်တော်တို့ မကြာခဏ သတင်းထုတ်ပြန်ပြီးဖြစ်တယ်။  ကျေးရွာတွေမှာရှိတဲ့ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေကို ခံစစ်နေရာအဖြစ် အသုံးပြုတာတွေ ရှိတယ်။ ကျေးရွာတွေမှာရှိတဲ့ စာသင်ကျောင်းတွေကို ပိတ်ခိုင်းထားပြီး တချို့နေရာတွေမှာ သဲအိတ်တွေ ထပ်ပြီး ဘန်ကာသဖွယ် အသုံးပြုနေတဲ့ဟာမျိုးတွေ ရှိတယ်။ ဒါ့အပြင် သူတို့ရဲ့ ပိုပြီးယုတ်မာမှုက ဘာကိုယုတ်မာလဲဆိုတော့ သူတို့တစ်ခုခု အခမ်းအနားတစ်ခုလုပ်ပြီး သင်တန်း ဥပမာပေါ့နော် PDF အကြမ်းဖက်အဖွဲ့ မတက်မနေရ၊ တစ်အိမ်ကိုတစ်ယောက်မတက်မနေရဆိုပြီး ခြိမ်းခြောက်တဲ့အနေနဲ့ တက်ခိုင်းတယ်။ ရက်ပိုင်းမှာ သင်တန်းဆင်းပွဲလုပ်တယ်။ လုပ်ပြီဆိုရင် မဖြစ်မနေ အိမ်တိုင်းက မိန်းမတွေ၊ ကလေးတွေပါ ထွက်ပြီးတော့ကျမှ အားပေးဝန်းရံတယ်ဆိုပြီး လုပ်တာတွေ  တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့တောင်မှ စုံစမ်းစရာမလိုဘူး။ သူတို့ဆီကနေထွက်ပေါ်နေတဲ့ ပုံတွေက ကလေးတွေကအစ သေနတ်ကိုင်ထားတဲ့ ပုံတွေ တွေ့ရပါလိမ့်မယ်။ ကလေးတွေကအစ သူတို့ အကြမ်းဖက်အဖွဲ့ကို  ကြိုဆိုခိုင်းထားတာတွေ တွေ့ရပါလိမ့်မယ်။  ဒီလိုတိုက်ခိုက်တဲ့နေရာမှာ ကျွန်တော်ပြောသလို သူတို့ရဲ့ လက်နက်ခဲယမ်းတိုက်၊ ယမ်းတွေ သိုလှောင်ထားတဲ့နေရာ ထိမှန်ခဲ့တာ ရှိတယ်။ အဲဒီကနေ ပေါက်ကွဲခဲ့တာရှိတယ်။ အဲဒီကနေ ပေါက်ကွဲခဲ့တဲ့အတွက်ကြောင့်မိုလို့ ခုနကပြောတဲ့ သူတို့အတင်း ဝန်းရံခိုင်းထားတဲ့သူတွေပေါ့၊ PDF ထောက်ခံသူတွေ၊ ဒါမှမဟုတ် သူတို့ကို ကြောက်လို့ ဝန်းရံနေရတဲ့သူတွေရဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုတော့ ရှိကောင်းရှိနိုင်တယ်လို့ပဲ ကျွန်တော် ဖြေချင်ပါတယ်ဗျ။