ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ၌ သန့်ရှင်းသော သောက်သုံးရေရရှိရေး စက်ရေတွင်းတူးဖော်

ကန့်ဘလူ ၁၀ ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအုပ်စု ပဇီကြီးကျေးရွာတွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်JICA အဖွဲ့တို့ ပူးပေါင်းမှုဖြင့် စက်ရေတွင်းတူးဖော်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မြင့်လွင်ဦး၊ မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 


အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ယခုနှစ်ဧပြီလက စတင်တူးဖော်ခဲ့ရာ ယခုအခါ စက်ရေတွင်း တူးဖော်မှုလုပ်ငန်း ပြီးစီးနေပြီဖြစ်ပြီး အနက်ပေ ၅၁၀ ရှိကာတစ်နာရီလျှင် ရေဂါလံ ၂၀ဝ၀ ထွက်ရှိကြောင်း သိရသည်။ 

 


ထို့ပြင် စက်ရေတွင်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ရေစင်၊ ရေစက်ရုံဆောက်လုပ်ခြင်းနှင့် ကျေးရွာပြည်သူများ ရေရယူသုံးစွဲရာတွင် လွယ်ကူစေရေးအတွက် အိမ်တိုင်ရာရောက် ရေမီတာစနစ်ဖြင့် သုံးစွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာသန့်ရှင်းရေးနှင့် ရေရရှိရေးကော်မတီကိုလည်း စနစ်တကျဖွဲ့စည်းထားပြီးကြောင်း မြို့နယ်ဦးစီးမှူး ဦးဟန်ထွန်းအောင်ထံမှ သိရသည်။

 


အဆိုပါကျေးရွာတွင် စက်ရေတွင်းလုပ်ငန်းများပြီးစီးပါက ပဇီကြီးကျေးရွာရှိ အိမ်ခြေ ၂၃၃ မှ လူဦးရေ ၁၀၄၃ ဦးတို့အတွက် သန့်ရှင်းသောသောက်သုံးရေများကို ရာသီမရွေးရယူသုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 


အောင်ဝင်းငြိမ်း(ကန့်ဘလူ)

 

9pfue80i