နေပြည်တော် မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သင်ပေါင်းကျင်းကျေးရွာကို PDF အမည်ခံ အကြမ်းဖက်သမားများက မေ ၆ ရက် နံနက်ပိုင်းတွင် Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မေ ၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် ကန့်ဘလူမြို့နယ် သင်ပေါင်းကျင်းကျေးရွာ အား PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာ၏ တောင်ဘက် မီတာ ၈၀၀ ခန့်အမြင့်မှနေ၍ Drone ဖြင့် Drop Bomb များ လာရောက်ပစ်ချ တိုက်ခိုက်ခဲ့ရာ ဗုံးသီးများ ကျရောက်ပေါက်ကွဲမှုကြောင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နေကြသည့် အပြစ်မဲ့ ပြည်သူ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ အေးချမ်းစွာနေထိုင်နေကြသော ဒေသခံ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သည့် လုပ်ရပ်များအပေါ် ဒေသခံပြည်သူများက ရွံ့ရှာစက်ဆုပ် မုန်းတီးလျက်ရှိကြောင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အတွက် တပ်မတော်၏ အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်မှုတွင် အားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်