ကန့်ဘလူ အောက်တိုဘာ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရွှေဘို-မြစ်ကြှးနား မဟာဗျူဟာလမ်းအား ကတ္တရာလမ်းတိုးချဲ့ခြင်းနှင့်အမာခံလမ်းပုခုံးပြုလုပ်ခြင်း လုပ်ငန်းများကို ဌာနနှင့်ကုမ္ပဏီစုစုပေါင်း ၁၁ ခုတို့မှဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ကုန်တင်ယာဉ်ကြီး/ငယ်များ၊ခရီးသည်တင်ယာဉ်များ လွယ်ကူ အဆင်ပြေစွာ ဖြတ်သန်းမောင်းနှင်နေပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှသိရသည်။

 

၁

 

အဆိုပါလမ်းများအား ယခုနှစ် ဇူလိုင်လကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုငွေကျပ် ၆၄၀၉ ဒသမ ၅၁ သန်းဖြင့် လမ်းအဆင့်မြှင့်တင် လုပ်ငန်းများကိုဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

 

 ယင်းမဟာဗျူဟာလမ်းမကြီးသည် စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့ကို ဆက်သွယ်ထားသော အဓိလမ်းမကြီးလည်း ဖြစ်သည်။ကန့်ဘလူမြို့နယ်အတွင်းရှိ လမ်းပိုင်းများ တွင် ၅၅-၇၉ ဒသမ ၅၃ မီတာအတွင်း ၅ ဒသမ ဝ၄ ကီလိုမီတာအား မူလကတ္တရာလမ်းအကျယ် ၃ ဒသမ ၇ မီတာမှ ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာလောင်းခြင်းနှင့်တစ်ဖက် တစ်မီတာအကျယ် အမာခံလမ်းပုခုံးပြုလုပ်ခြင်း မိုင် ၃၄/၁ ဒသမ ၄-၄၉/၄ (၃ မိုင် ၁ ဖာလုံ)အား မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊၆၆ ဒသမ ၄၄-၁၁၀ ဒသမ ၆၃ ကီလိုမီတာအတွင်း ၃၇ ဒသမ ဝ၈ ကီလိုမီတာ အား မူလကတ္တရာလမ်းအကျယ် ၃ ဒသမ ၇ မီတာမှ ၅ ဒသမ ၅ မီတာအကျယ် ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာလောင်းခြင်းနှင့် တစ်မီတာအကျယ် အမာခံလမ်းပုခုံးပြုလုပ်ခြင်း မိုင် ၃၈/၆ ဒသမ ၃-၆၈/၆(၂၃ မိုင်)အား ကုမ္ပဏီ ၁၁ ခုကတာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)