ကန်ဘလူ ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ညောင်ပင်ကြီးကျေးရွာနှင့် အင်ဖက်တောကျေးရွာ ရွာတွင်းလမ်း ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ဇွန် ၁ ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးခိုင်၊ မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်ခိုင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ညောင်ပင်ကြီးကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ကျေးရွာတွင်း လမ်းအရှည်ပေ ၁၂၅၀၊ အကျယ် ၁၂ ပေ၊ အမြင့် ကိုးလက်မ ဂျင်းခင်းခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေ ၁၅ သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုအပေါ် ခရိုင်ဦးစီးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးကျော်(ပုံတောင်မြေ)


